သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သံတွဲ ဇန်နဝါရီ ၅

သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က အဖွင့်အမှာစကားပြောကြားရာတွင် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ရုံးအဆောက်အဦ အတွင်းအပြင်သန့်ရှင်းသာယာလှပရေး၊ မြို့တွင်းအချက်အချာကျသောနေရာများနှင့် ငပလီလေဆိပ်၊ ဂေါက်ကွင်း၊ ဟိုတယ်များနှင့် ကမ်းခြေသာယာလှပရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ထားရှိရန်နှင့် လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပေးကြရန် ဆွေးနွေးပြောကြားခဲ့သည်။

၎င်းနောက် တက်ရောက်လာကြသော ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

စန္ဒာကြည်