ကျိန္တလီ ဇန်နဝါရီ ၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ၂၀၂၃ခုနှစ်၊ ယမန်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက အ.ထ.က ကျောင်းနှင့်ကျောင်းရှေ့ဘော်လုံးကွင်းတွင် ကျင်းပလျက်ရှိသည်။
ထိုသို့ အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ကျိန္တလီမြို့ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်ရှိ ကျောင်းသား/ကျောင်းသူများနှင့် အားကစားဝါသနာရှင် လူငယ်မောင်မယ်များက ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ ပြိုင်ပွဲတွင် မီတာ(၁၀၀) ကျား/မ တာတိုပြေးပွဲ၊ မာရသွန်(၈-ကီလိုမီတာ)ခန့်တာဝေးအပြေးပြိုင်ပွဲ၊ ထုတ်ဆီးထိုးပြိုင်ပွဲ၊ လွန်ဆွဲပွဲ၊ ဖားခုန်ပြိုင်ပွဲနှင့်ဂုန်နီအိတ်စွပ် ပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲ များတွင် တစ်ဦးချင်း ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများ၊ အဖွဲ့လိုက် ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများနှင့် ဆုရရှိသည့် အသင်းအဖွဲ့များအား အ.ထ.က. ကျောင်းရှေ့ဘော်လုံးကွင်းတွင် ဆုများ အသီးသီး ပေးအပ်သွားမည်ဖြစ်ကြောင်း အားကစား ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)