မြောက်ဦး ဇန်နဝါရီ ၅
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသက် (၂၀) အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် အားစကားပြိုင်ပွဲများဆုပေးပွဲအခမ်းအနားကို ကုသည်တန်းရပ်ကွက် နန်းတော်ရာကုန်းဘေး ဘောလုံးကွင်းဟောင်း၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အသက်(၂၀) အောက် ဖူဆယ်ဘောလုံး ဗိုလ်လုပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲ၊ မီတာ(၁၀၀) ပြိုင်ပွဲ၊ မီတာ (၂၀၀) ပြိုင်ပွဲ၊ ခြေပူးပြိုင်ပွဲ ၊ ဆန်ကောရွတ်ပြိုင်ပွဲ၊များကို ကျောင်းသူ/ကျောင်းသားများက ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြပြီး အနိုင်ရရှိသော ဖူဆယ်ဘောလုံး ပြိုင်ပွဲတွင် ပထမဆုရရှိသော ကျော်သန်းမောင်အသင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစီုးစိုးသက်မှလည်းကောင်း ဒုတိယဆုရရှိသော ဗန္ဓုလအသင်းကို မြို့နယ္အားကာဦးစီးမှူး ဦးမောင်မောင်လတ်မှ လည်းကောင်း လွန်ဆွဲပြိုင်ပွဲ ၊ မီတာ(၁၀၀)ပြိုင်ပွဲ၊ မီတာ (၂၀၀) ပြိုင်ပွဲ၊ ခြေပူးပြိုင်ပွဲ၊ ဆန်ကောရွတ်ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသားကျောင်းသား/ကျောင်းသူများကို ဌာနဆိုင်ရာတာဝန်ရှိသူများမှဆုများ အသီးသီးပေးအပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားစကားအသင်းနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)