ကျောက်တော် ဇန်နဝါရီ ၂၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ အတွင်းအောင်၊ အပြင်အောင် အောင်ခြင်း(၈) ပါး အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲကို ရှစ်သောင်းပုထိုးတော်ကြီးအတွင်း၌ ယနေ့နံနက် ၈နာရီအချိန်က မြို့သစ်ရပ်ကွက်ရှိ မြို့သစ်မှန်ကျောင်းကျောင်းတိုက်အတွင်း၌ ရွတ်ဖတ်ပူဇော်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွနနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပင့်ဖိတ်ထားသော ဆရာတော် သံဃာတော်များနှင့် ဝတ်ရွတ်အသင်းအဖွဲ့များက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး တက်ရောက် လာကြသောဧည့်ပရိသတ်များမှ ၅ ပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်သံဃာတော်များမှ အတွင်းအောင်၊ အပြင်အောင် အောင်ခြင်း(၈)ပါး ပါဠိတော်ရွတ်ဖတ်ပူဇော်ချီးမြှင့်ပြီး ဝတ်ရွတ်အသင်းမှ အပြင်အောင်ခြင်း (၈)ပါး မြန်မာပြန်အနက်အားရွတ်ဖတ်ပူဇော်ခဲ့သည်။ ပြီးနောက် ဆရာတော်သံဃာတော်ကြီးများမှ ဓဇဂ္ဂသုတ် ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ချီးမြှင့်၍ ဝတ်ရွတ်အသင်းမှလည်း ဓဇဂ္ဂသုတ်ပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်ပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာညွှန့်နှင့် အဖွဲ့ဝင်များက နဝကမ္မ အစရှိသည့်လှူဖွယ်ဝတ္တုများကို ဆက်ကပ်လှူဒါန်းပြီးလှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချအမျှပေးဝေကြပြီးအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း