ပုဏ္ဏားကျွန်း ဇန်နဝါရီ ၂၆
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့မွန်းတည့် ၁၂ နာရီအချိန်က စာရေးဆရာ ဥက္ကာဖြိုးရေးသားတဲ့ ယဉ်ကျေးလိမ္မာစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆွေက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့်စာဖတ်စွမ်းရည်မြှင့်မားလာစေရန် ရည်ရွယ်ချက်တို့ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အခြေခံပညာမူလတန်းလွန်(မြို့သစ်)ကျောင်းမှ Grade-7 ကျောင်းသား/သူများက ယဉ်ကျေးလိမ္မာစာအုပ်ပါ အကြောင်းအရာများဖတ်ရှုကြပြီး၊ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ မြို့နယ်ဦးစီးအရာရှိနှင့်စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဦးညွန့်ရီတို့က ပြန်လည်ရှင်းလင်း ဖတ်ကြားပေးခဲ့ကြောင်းသိရသည်။
နီထွန်းအောင်(ပြန်/ဆက်)