ရခိုင်ပြည်နယ် မောင်တောမြို့၌ အတွင်းအောင်၊ အပြင်အောင် အောင်ခြင်းရှစ်ပါးအန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ် ပူဇော်ပွဲပြုလုပ်

မောင်တော  ဇန်နဝါရီ ၂၆

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အတွင်းအောင်၊ အပြင်အောင်အောင်ခြင်းရှစ်ပါး အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ် ဖတ်ပူဇော်ပွဲကို  ယနေ့နံနက် ၈ နာရီအချိန်က မြို့ဦးရွှေစည်းခုံ ဆံတော်မြတ်စေတီတော်ကြီးအတွင်း ရွတ်ဖတ်ပူဇော်ပွဲပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့်အဖွဲ့ဝင်များနှင့် တာဝန် ရှိသူများတက်ရောက်ကြသည်။

ရှေးဦးစွာ ပင့်ဖိတ်ဆရာတော်သံဃာတော်များက အတွင်းအောင်၊ အပြင်အောင်၊ အောင်ခြင်းရှစ်ပါးပါဠိတော် ရွတ်ဖတ်ပူဇော်ချီးမြှင့်ပြီး ဝတ်ရွတ်အသင်းမှ အပြင်အောင်ခြင်း ရှစ်ပါးလင်္ကာအား ရွတ်ဖတ် ပူဇော်ခဲ့သည်။ ဆက်လက်၍  ဆရာတော်သံဃာတော်များ နှင့် ဝတ်ရွတ်အသင်းက  ဓဇဂ္ဂသုတ်ပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။  ထို့နောက်  ဆရာတော်သံဃာတော်များအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များက နဝကမ္မလှူဖွယ်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရ သည်။

သက်လွင်စိုး၊အောင်ကျော်စိန်ခရိုင်(ပြန်/ဆက်)