ရသေ့တောင် ဇန်နဝါရီ ၂၆
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူ၊ ကျောင်းသားများအား ကိုဗစ်- ၁၉ ရောဂါ ထပ်ဆောင်း(Booster dose) ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့မ-အမက(၂)ကျောင်းတွင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဆေးထိုးရန်ရောက်ရှိလာသော ကျောင်းသား၊ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများမှ ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်းတို့ကို ဆောင်ရွက်ပြီးမှာသာလျှင် ဆေးကိုစနစ်တကျ ထိုးနှံပေးကြသည်။ ဆေးထိုးပြီးနောက် မိနစ် ၃၀ ခန့်အနားယူစေပြီး ကျောင်းသား၊ကျောင်းသူ ကလေးများအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)