မြောက်ဦး ဖေဖော်ဝါရီ ၇
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု သော အားဖြင့် နေ့လယ် ၁ နာရီအချိန်က ကဗျာရွက်ဆိုပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်စန္ဒာထွန်းမှ ကဗျာရွက်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ကျောင်းသူ/ကျောင်းသားများ၊ လူငယ်များအနေဖြင့် စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရန်၊ စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့်အတိုင်း စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်၍ စာအုပ်စာပေများကို မြတ်နိုးတန်ဖိုးထားတတ်စေရန် တို့ကို ပြောကြားပြီးနောက် ကဗျာရွက်ပြိုင်ပွဲတွင်လည်း လိုက်နာရမည့် စည်းကမ်းချက်များ၊ အမှတ်ပေး စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကဗျာရွက်ဆိုပြိုင်ပွဲကို ဆက်လက်ကျင်းပရာတွင် အလယ်တန်းအဆင့် ကျောင်းသား /ကျောင်းသူ (၂၀) ဦးတို့မှ ပြည်ထောင်စုနေ့နှင့် ပတ်သက်သော ကဗျာခေါင်းများစဉ်ဖြင့် ဝင် ရောက်ယဉ်ပြိုင်ကြပြီး ပထမ၊ဒုတိယ၊တတိယ ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)