အ.ထ.က ပေါက်တောမြို့၌ လူငယ်စကားဝိုင်း ကျင်းပ

ပေါက်တော ဖေဖော်ဝါရီ ၇ 

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ မွန်းလွဲ ၂ နာရီက အ.ထ.က ပေါက်တောမြို့ရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က လူငယ်စကားဝိုင်းကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းအားစတင်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က ဦးဆောင်ဆွေးနွေးကာ Grade-10မှ ကျောင်းသူ မစိုးစိုးသန်းက"လူငယ်နဲ့ရည်မှန်းချက်"၊ Grade-10မှ ကျောင်းသူမလှိုင်လှိုင်ဌေး က "မျိုးဆက်သစ်လူငယ်များမျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေး" ၊Grade-10မှ ကျောင်းသူ မညိုညိုဆန်းက "လူငယ်နှင့်စာဖတ်ခြင်း"၊ Grade-10မှ ကျောင်းသားမောင်ကျော်လင်းထွန်းက "လူငယ်နဲ့ကျန်းမာရေး"၊ Grade- 10မှ ကျောင်းသားမောင်အောင်မင်းသန့် က"စာတတ်ဖို့သာမက ပညာတတ်ဖို့ပါကြိုးစားကြ"၊ Grade-10မှ ကျောင်းသား မောင်ထွန်းလင်းစိုးက "လူငယ်နဲ့ကြီးပွားရေး" အစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာကြသည့်ကျောင်းသား၊ကျောင်းသူများက မိမိတို့သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား၊ကျောင်းသူ ခြောက်ဦးကပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးကြသည်။ အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ပေါက်တောမြို့ အထကကျောင်းမှ ကြီးကြပ်ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ၁၀၀ ဦးခန့် တက်ရောက်ကြသည်။

ထို့ပြင် ခန်းမအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသောအသိ ပညာပေးမူးယစ်ဆေးဝါးနံရံကပ် စာစောင်ကိုကြည့်ရှုကြကြောင်းသိရသည်။

ဝင်းမင်းစိုး (ပြန်/ ဆက်)