(၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောက်ဦးမြို့ ကြက်ဈေးခွဆုံ၌ မီးပွိုင့်တပ်ဆင်ခြင်းလုပ်ငန်းဖွင့်လှစ်

မြောက်ဦး ဖေဖော်ဝါရီ ၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊မြောက်ဦးမြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမကြီးပေါ်ရှိ ဦးဥတ္တမလမ်း ၊ ကြက်ဈေးခွဆုံနေရာ၌ မီးပွင့်ပွိုင့်တပ်ဆင်ခြင်းလုပ်ငန်းဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကိုယနေ့ နံနက် ၆ နာရီ ၃၀မိနစ်အချိန်က ကြက်ဈေးရပ်ကွက် ကမ္ဘာ့ရတနာဘဏ်ရှေ့၌ မီးပွိုင့်တပ်ဆင်ခြင်းလုပ်ငန်းပြီးစီးပြီးဖြစ်ပါ၍ မီးပွိုင့်ဖွင့်ပွဲအခမ်း အနား ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။

မြောက်ဦးမြို့တော်သည် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသဖြစ်သည့်နှင့်အညီ မြောက်ဦးမြို့ရှိဒေသခံပြည်သူများအား ယဉ်ကြောပိတ်ဆို့ရေးမဖြစ်စေရန် နှင့် ယဉ်စည်းကမ်း၊လမ်းစည်းကမ်း များလိုက်နာမှုရှိစေရန်အတွက် မီးပွိုင့်တပ်ခြင်းဖြစ်ပြီး  ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၏ စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ထားခြင်းဖြစ်ပြီး၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေ ၁၈ ဒသမ ၄၀ သန်းဖြင့် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

အခမ်းအနားကို နမောတသ (၃) ကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ကြွရောက်လာကြသောဆရာတော် သင်္ဃာတော်များထံမှ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ မြို့နယ်သင်္ဃနာယကဥက္ကဋ္ဌ ရွှေထီးဆောင်း ဆရာတော်အရှင်ဘုရားထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ကြွရောက်လာကြသောဆရာတော် ၊သင်္ဃာတော်များထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူးဖော်၍ လှူဖွယ်ဝတ္တုများဆပ်ကပ်ပူဇော်ပြီး နန်းသားကန်ဆရာတော်ကြီးမှလှူဖွယ်ဝတ္တုအစုစု အတွက်ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။   

အခမ်းအနားသို့ တက်ရောက်လာကြသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင် ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ အတွင်းရဲမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုး ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးတင်ထူးလှိုင်တို့မှ အမွှေးနံ့သာရေများဖြင့်ပတ်ဖြန်းခဲ့ကြပြီး ယဉ်အသွားအလာများကို ယဉ်စည်းကမ်း ၊လမ်းစည်းကမ်းများနှင့်အညီ သွားလာစေရန်တည်ဆောက်ခြင်းဖြစ်ကြောင်း  သိရသည်။

မြင့်စိုး ၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)