ကျောက်တော် ဧပြီ ၂၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် သေလာဂီရိမောရပဗ္ဗ ကျောက်တော်တောင်ဘုရား ဗုဒ္ဓပူဇေနိယပွဲတော် ပိုက်ကျော်ခြင်းပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်သာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်တော်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်စွာညွန့်က အဖွင့်အမှာစကား ပြောကြားရာတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲဝင် ကစားသမားများအနေဖြင့် တရားသော ယှဉ်ပြိုင်မှု၊ အနိုင်ရလိုမှု၊ ဇွဲလုံလရှိမှုနှင့်အားကစားစိတ်ဓါတ်အပြည့်အဝဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြရန်နှင့် သေလာဂီရိမောရပဗ္ဗ ကျောက်တော်တောင်ဘုရား ဗုဒ္ဓပူဇေနိယပွဲတော်ကို နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် ကျင်းပပြုလုပ်လျက်ရှိကြောင်း ရှင်းလင်းမှာကြားခဲ့သည်။
ထို့နောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပရေးကော်မတီဉက္ကဋ္ဌက ပြိုင်ပွဲစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ ပထမပွဲစဉ်အဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းမှ ၂ ပွဲပြတ် အနိုင်ရရှိခဲ့သည်။ အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲအား အသင်း ၁၂ သင်းဝင်ရောက်ယှဉ်ပြိုင်လျှက်ရှိပြီး ဧပြီ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၄ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲတော် ကျင်းပရေး ဦးစီးကော်မတီထံမှ သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)