မိုင်းဆတ် ဧပြီ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက်(၇)နာရီက မြို့မဈေးရှေ့တွင် ဌာနဆိုင်ရာများစုပေါင်း၍ Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်သူများ၊ ဖြတ်သန်းသွားလာသူ များကို (Mask)အခမဲ့ဖြန့်ဝေပေးပြီး ချက်ချင်းတပ်ဆင်စေခြင်း၊ နေအိမ်ပြင်ပထွက်ပါက (Mask)တပ်ဆင်သွားလာကြရန်၊ အပြင်မှပြန်လာတိုင်း Hand Gel ဖြင့် စနစ်တကျ လက်ဆေးကြရန်၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါပိုးများ ပြန်လည်တွေ့ရှိနေခြင်းကြောင့် ဂရုပြုနေထိုင်ကြရန်၊ တစ်အိမ်နှင့်တစ်အိမ် လည်ပတ်သွားလာခြင်းမှ ရှောင်ကျဥ်ကြရန် အသိပညာပေးပြောကြားခဲ့သည်။
အဆိုပါ Mask Campaign ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ မြို့နယ်စည်ပင်သာယာရေးဌာန ဦးအောင်သူ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ (Mask)(၃၀၀) ခု အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)