ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အောင်စာရင်းများ ထုတ်ပြန်

မောင်တော  ဧပြီ ၂၈

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ် အခြေခံပညာကျောင်းအသီးသီးတွင် အောင်စာရင်းများကို  ထုတ်ပြန်လျက်ရှိရာ ယနေ့ နံနက် (၆)နာရီမှစ၍ အောင်စာရင်းများအား ထုတ်ပြန်ကပ်ထားပေးလျက်ရှိကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းနှင့် ဘုန်းတော်ကြီး စာသင်ကျောင်း အပါအဝင် အခြေခံပညာကျောင်းများတွင် KG အတန်းမှစ၍ (သင်ရိုးသစ်)ဧကဒဿမတန်း)(Grade-11) အတန်းအထိ ကျောင်းစာစစ်ဌာနများတွင် အတန်းအလိုက် ဖြေဆိုသော အောင်စာရင်းများကို သက်ဆိုင်ရာကျောင်းများအလိုက် ကြေငြာသင်ပုန်းများတွင် ထုတ်ပြန်ကပ်ထားပေးလျက်ရှိပြီး အောင်စာရင်းများကို ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ထိန်းသူမိဘများက လာရောက်ကြည့်ရှု လျက်ရှိရာ မောင်တောမြို့နယ်အနေဖြင့်  အောင်ချက်ရာခိုင်နှုန်းမှာ ရာနှုန်းပြည့် အောင်မြင်ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သက်လွင်စိုး ၊အောင်ကျော်စိန်(ပြန်/ဆက်)