ပုဏ္ဏားကျွန်းမြို့၌ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး(ပဉ္စမအကြိမ်) အပိုဆောင်းဆက်လက်ထိုးနှံ

ပုဏ္ဏားကျွန်း ဧပြီ ၂၇

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး(ပဉ္စမအကြိမ်) အပိုဆောင်း ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၌ ဆက်လက်ထိုးနှံပေးလျက် ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး(ပဉ္စမအကြိမ်) အပိုဆောင်းထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်တို့၏ ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူရှိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းစသည့် ကျန်းမာရေးစစ်​ဆေးမှုများ ဆောင်ရွက်ပေးပြီး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းများနှင့်အညီ ထိုးနှံပေးခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် ယမန်နေ့က နိုင်ငံ့ဝန်ထမ်း ၇၇ ဦးနှင့် ပြည်သူ ၉ ဦးတို့ကို ကိုဗစ်-၁၉ ကာကွယ်ဆေး(ပဉ္စမအကြိမ်) အပိုဆောင်းအဖြစ် ထိုးနှံပေးခဲ့ပြီး၊ ယနေ့အထိ၊ ပဉ္စမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးအား ထိုးနှံပြီးစီးသူ စုစုပေါင်း (၄၁၂၇၁)ဦး ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)