ဘူးသီးတောင် ဧပြီ ၂၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ် အတန်းအလိုက် ကျောင်းတွင်းစာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီအချိန်မှစ၍ မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာ အခြေခံပညာကျောင်းများရှိ ကြော်ငြာသင်ပုန်းများတွင် ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အောင်စာရင်းများ ထုတ်ပြန်ရာတွင် KG အတန်းမှစ၍ (သင်ရိုးသစ်) (ဧကဒဿမတန်း)(GRADE-11) အတန်းအထိ အခြေခံပညာကျောင်းများနှင့် GRADE-5 နှင့် GRADE-9 စာစစ်ဌာနများတွင် အတန်းလိုက် အောင်စာရင်းများကို ထုတ်ပြန်ကြေငြာပြီး သက်ဆိုင်ရာ အခြေခံပညာကျောင်းအလိုက် ကြော်ညာသင်ပုန်းများတွင် ကပ်ထားကြေညာပေးထားလျက်ရှိရာ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများမှ လာရောက်ကြည့်ရှုနေကြကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်တွင် အထက်တန်းကျောင်း(၆)ကျောင်း ၊အထက်တန်းကျောင်း(ခွဲ)(၇)ကျောင်း၊ အလယ်တန်းကျောင်း(၄)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၁၆)ကျောင်း၊ မူလွန်(၈၂) ကျောင်း၊ မူလတန်းကျောင်း(၅၃)ကျောင်းနှင့် မူလတန်းကျောင်း(ခွဲ)(၄၂)ကျောင်း စုစုပေါင်း (၂၁၀)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လှကျော်( ပြန်/ ဆက်)