ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ် မောင်တောမြို့၌   မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏  လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ် ၂ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

မြောက်ဦးမြို့ အထင်ကရဘုရားစေတီပုထိုးများဖြစ်သော သျှစ်သောင်း၊ထုက္ကန်၊ အံတော်သိမ်၊လေး မျက်နှာဘုရားများ၏ (၉၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို အသံမစဲပဋ္ဌာန်းဖြင့် ဖွင့်လှစ်

ရှေးဦးစွာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အတွင်းရှိ သျှစ်သောင်း၊ထုက္ကန်၊အံတော်သိမ်၊လေးမျက်နှာဘုရားများ၏ (၉၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ၌ မီးဘေး၊လေဘေး၊ရေဘေး ကပ်ကြီး (၃)ပါးမှ ကင်းဝေးစေရန် ရည်ရွယ်၍ ရှင်ဥပဂုတ္တမထေရ်မြတ် ပင့်ဖိတ်ခြင်းကို ယနေ့ နံနက် ၄ နာရီအချိန်က သျှစ်သောင်းဂေါပကဥက္ကဋ္ဌ ဦးစောရွှေမောင်နှင့် အဖွဲ့က ပင့်ဖိတ်ပူ ဇော်ခဲ့ကြသည်။

ဘူးသီးတောင်မြို့၌ မွေးစမှ အသက်တစ်နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကလေးငယ်များအားမွေးစမှ အသက်တစ်နှစ်အောက် ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ကမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စစ်တွေမြို့ရှိ  ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ (၇၇) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  စုပေါင်းသွေးလှူဒါန်း

(၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ  ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌  ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသူ လူနာများအား သွေးလိုအပ်မှု မရှိစေရေးအတွက် စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် မိသားစုဝင်များက စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဆေးရုံကြီး၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သွေးလှူရှင်  တက်ရောက်ကြသည်။

ရခိုင်ပြည်နယ်မောင်တောမြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃ခုနှစ်၊ မေလ (၅)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို  ကြိုဆို ဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက မီးသတ်တပ်ဖွဲ့ဝင်များက မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး ဗီနိုင်းများ စိုက်ထူ

ရခိုင်ပြည်နယ် မောင်တောမြို့၌ မေလ (၅)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် စိန်ရတု အထိမ်းအမှတ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့်  မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက အသိပညာပေး ဗီနိုင်းများ စိုက်ထူခြင်းကို ယနေ့  ညနေ ၄ နာရီအချိန်ခန့်က  မြို့နယ်မီးသတ်ဦးစီးဌာန ရုံးရှေ့တွင် စိုက်ထူခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌  ဒုတိယအကြိမ်မြောက် သက်အမျိုးသားနေ့ ကျင်းပ

ရခိုင်ပြည်နယ် မောင်တောမြို့ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော သက်တိုင်းရင်းသားတစ်မျိုးလုံး၏ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ထားသည့်  သက်အမျိုးသားနေ့ကို ဒုတိယအကြိမ်အဖြစ် ယမန်နေ့ နံနက် ၈ နာရီအချိန် ၄ မိုင်ရပ်ကွက် ၊ မကျည်းကုန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ရသေ့တောင်မြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြု ကြိုဆိုသောအားဖြင့်  ဆိုင်းဘုတ်စိုက်ထူ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်  မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များက ယနေ့နံနက်(၉)နာရီက  အဆိုပါ ရုံးရှေ့၌ ဆိုင်းဘုတ်စိုက်ထူခဲ့ကြကြောင်း သိရသည်။

ရသေ့တောင်မြို့ အောင်‌မြေဗောဓိဓမ္မရိပ်သာအလိုတော်ပြည့် ကျောင်းတိုက်၌ ကိန်းဝပ်စံပါယ်လျက်ရှိသော ဗုဒ္ဓစွယ်တော်မြတ်နှင့် သရီရကဓါတ်တော်များအား ပူဇော်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် သာသနာသက္ကရာဇ် ၂၅၆၆ခု၊‌ ကောဇာသက္ကရာဇ် ၁၃၈၅ ခု၊ကဆုန်းလဆန်း(၁၃)ရက် ခရစ်နှစ် ၂၀၂၃ ၊မေ(၁)ရက်တနလ်ာနေ့၌ ရသေ့တောင်မြို့‌ အောင်‌‌မြေ‌ ဗောဓိဓမ္မရိပ်သာအလိုတော်ပြည့်ကျောင်းတိုက်၌ ကိန်းဝပ်စံပါယ်လျက်ရှိသော ဗုဒ္ဓစွယ်တော်မြတ်နှင့် သရီရကဓါတ်တော်များအား အများပြည်သူများ ပူဇော်ဖူးမျော်နိုင်ရန် ဂန္ဓကုဋီတိုက်တော်အား ဖွင့်လှစ်ပြီး စွယ်တော်မြတ်နှင့် သရီရကဓာတ်တော်များ ပင့်ဆောင်ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်(၈:၄၅)နာရီအချိန်က‌ အောင်မြေဗောဓိဓမ္မရိပ်သာအလို‌‌တော်ပြည့်‌ ကျောင်းတိုက်အတွင်း၌ ပြုလုပ်ကျင်းပခဲ့သည်။

ပေါက်တောမြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့်  ဆိုင်းဘုတ်စိုက်ထူ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များက ယနေ့နံနက်(၉)နာရီက  အဆိုပါရုံးရှေ့၌ ဆိုင်းဘုတ်စိုက်ထူခဲ့ကြကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်