မောင်တော မေ ၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ် ၂ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က ၂၀၂၃ ခုနှစ် ၊ မေ ၃ ရက်နေ့တွင် ကျ ရောက်မည့်ကဆုန်လပြည့်ဗုဒ္ဓနေ့၌ မြန်မာ့ရိုးရာဓလေ့ထုံးထမ်း အစဉ်အလာနှင့်အညီ ကဆုန်ညောင်ရေသွန်းပွဲတော်ကို ကညင်တန်းရပ်ကွက်ရှိ မြို့ဦးရွှေစည်းခုံဆံတော်မြတ် စေတီတော်ကြီးတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရမှ ဆက်ကပ်သည့် “မဟာသဒ္ဓမ္မဇောတိကဓဇ (သာသနာပြုဘွဲ့) ဒုတိယအဆင့်ရရှိသော မောင်တောမြို့၊ ၄ မိုင်ရပ်ကွက်၊ သုံးမိုင်ဘုန်းတော်ကြီး သင်ပညာရေးကျောင်း နှင့် ပရဟိတပဓာန နာယက ဆရာတော် ဘဒ္ဒန္တစန္ဒာသီရိအား ဂုဏပူဇော်ပွဲကို မေ ၇ ရက်နေ့တွင် သာသနာ့ဗိမာန်တော်ကြီးအတွင်း ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် ဌာနဆိုင်ရာများအလိုက် လုပ်ငန်းတာဝန်များကို စနစ်တကျအကောင်အထည်ဖော်ကြရန်လိုကြောင်းနှင့် မောင်တော မြို့နယ်အတွင်း နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသောဌာနဆိုင်ရာများနှင့် ၎င်းတို့၏ မိသားစုဝင်များ အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်ပြည်သူ့ ဆေးရုံကြီးတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသဖြင့် မပျက်မကွက် ထိုးနှံဆောင်ရွက်ကြရန်လိုအပ်ကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာများ တာဝန်ရှိသူများက ကဏ္ဍအလိုက် လုပ်ဆောင်နေသည့် လုပ်ငန်းများအား အသီးသီး တင်ပြကြရာ ဆွေးနွေးတင်ပြချက် များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ခရိုင်ပြန်/ဆက်)