ရသေ့တောင်မြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြု ကြိုဆိုသောအားဖြင့်  ဆိုင်းဘုတ်စိုက်ထူ

ရသေ့တောင်  မေ ၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်  မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များက ယနေ့နံနက်(၉)နာရီက  အဆိုပါ ရုံးရှေ့၌ ဆိုင်းဘုတ်စိုက်ထူခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆိုင်းဘုတ်စိုက်ထူရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလူမော် ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ဦးစီးဌာနရုံးရှေ့ရှိ (၇၇) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုပါ၏ စာသားပါ ဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြပြီး အမွှေးနံသာရည်နှင့် သပြေခက်များဖြင့် ပက်ဖျန်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)