မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသ၌ သျှစ်သောင်း၊ထုက္ကန်၊အံတော်သိမ်၊ လေးမျက်နှာဘုရားများ၏ (၉၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့အတွင်းရှိ ရခိုင်ရှေ့ဟောင်းသမိုင်းဝင် ယဉ်ကျေးမှုနယ်မြေအတွင်းရှိ အထင်ကရစေတီ၊ပုထိုးများဖြစ်သော သျှစ်သောင်း၊ ထုက္ကန်၊အံတော်သိမ်လေးမျက်နှာဘုရားများ၏ (၉၅) ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပခရီးသွားများနှင့် အထူးစည်ကားလျက်ရှိသည်။