ရသေ့တောင် မေ ၁
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် သာသနာသက္ကရာဇ် ၂၅၆၆ခု၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခု၊ကဆုန်းလဆန်း(၁၃)ရက် ခရစ်နှစ် ၂၀၂၃ ၊မေ(၁)ရက်တနလ်ာနေ့၌ ရသေ့တောင်မြို့ အောင်မြေ ဗောဓိဓမ္မရိပ်သာအလိုတော်ပြည့်ကျောင်းတိုက်၌ ကိန်းဝပ်စံပါယ်လျက်ရှိသော ဗုဒ္ဓစွယ်တော်မြတ်နှင့် သရီရကဓါတ်တော်များအား အများပြည်သူများ ပူဇော်ဖူးမျော်နိုင်ရန် ဂန္ဓကုဋီတိုက်တော်အား ဖွင့်လှစ်ပြီး စွယ်တော်မြတ်နှင့် သရီရကဓာတ်တော်များ ပင့်ဆောင်ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်(၈:၄၅)နာရီအချိန်က အောင်မြေဗောဓိဓမ္မရိပ်သာအလိုတော်ပြည့် ကျောင်းတိုက်အတွင်း၌ ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားကို အစီအစဥ်အရမြတ်ဗုဒ္ဓ၏ စွယ်တော်နှင့် သရီရကဓာတ်တော်များအား ဆရာတော်အရှင်သူမြတ်များက ဗုဒ္ဓါဘိသေကအနေကဇာတင် လှူပူဇော်ကြသည်၊ အစီအစဉ်အတိုင်း ဆရာတော်အရှင်သူများက ဂါထာတော်များဖြင့် ရွတ်ဖတ်ပူဇော်ကြဆက်လက်ပြီး ပြည်တွင်းပြည်ကမ္ဘာ့သာသနာပြု ကျေးဇူးတော်ရှင်အလိုတော်ပြည့် ဆရာတော်ဘုရားကြီးထံမှ ကြွရောက်လာသည့် ဧည့်ပရိတ်သတ်များက ငါးပါသီလ ခံယူဆောက်တည်ကြပြီး အလိုတော်ပြည့် ဆရာတော်ဘုရားကြီးမှ အနုမောဒနာတရားတော်မြတ်ကို ဟောကြားချီးမြှင့်ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စီရံတိဌာတု(၃)ကြိမ်ရွတ်ဆိုဆု တောင်ကာ အခမ်းအနားကို နံနက်(၁၀:၄၅)အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။ ပွဲတော်ကို(၃)ရက် ကျင်းပမည်ဖြစ်ရာ ညနေပိုင်များတွင် အနုပညာများ၏ စင်တင်တေးဂီတများဖြင့် ၎င်း၊ဝတ်ရွတ်အသင်းအဖွဲ့များက နံနက်ပိုင်(၁)ကြိမ်၊ ညနေပိုင်း(၂)ကြိမ် ရွတ်ဖတ်ပူဇော်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)