ဂွမြို့နယ်၊ သိမ်ကုန်းစေတီတော်ဝန်းရှိ ဗောဓိညောင်ပင်တွင်  ညောင်ရေသွန်း‌လောင်းပွဲ မင်္ဂလာအခမ်းအနား ကျင်းပ

ဂွ   မေ  

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ ဗောဓိညောင်ပင်၌ ညောင်ရေသွန်းလောင်းပွဲ မင်္ဂလာအခမ်းအနားကို ယနေ့ ညနေ ၅ နာရီအချိန်တွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

အဆိုပါ ညောင်ရေသွန်းလောင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့​ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ရခိုင်ရိုးရာယဥ်ကျေးမှုစည်တော်အဖွဲ့၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် စုရပ်ပြုလုပ်၍ သိမ်ကုန်းစေတီဝန်းအတွင်းရှိ ဗောဓိညောင်ပင်ရှိရာသို့ သွားရောက်၍ ညောင်ရေသွန်းလောင်း ကုသိုလ်ပြုခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်