ပေါက်တော မေ ၄
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့တွင်(၁၃၈၅) ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ယမန်နေ့ညနေ ၄ နာရီက ဘဝမ်းချောင်းဝစုရပ်ကွက် ဘုန်တော်ကြီးကျောင်းဝင်းအတွင်းရှိ မဟာဗောဓိညောင်ပင်၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပေါက်တောမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မသန်းစောနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ၊ ရပ်ကွက်နေပြည်သူများက ဘဝမ်းချောင်းဝစုရပ်ကွက် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ မဟာဗောဓိညောင်ပင်ပတ်ဝန်းကျင်ရှိ တံမြက် စည်းလှည်းခြင်း၊ ဘုရားဆင်ထုတော်များအား ရေသပ္ပယ်ပူဇော်ခြင်း၊ ပန်း၊ရေချမ်း၊ဆီးမီးများ ကပ်လှူပူဇော်ပြီး မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)