မာန်အောင်မြို့နယ် ကုန်းခင်ကျေးရွာ မဟာဓမ္မိကာရာမကျောင်းဝင်းအတွင်း ဗုဒ္ဓဂယာမှထိုင်တော်မူ ဘုရားပုံတူရုပ်ပွားတော် တည်ထားကိုးကွယ်ရန် ပန္နက်တော်တင်အုတ်မြစ်ချမင်္ဂလာအခမ်းအနားကျင်းပ
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ကုန်းခင်ကျေးရွာ မဟာဓမ္မိကာရာမကျောင်း ဆရာတော်ဘဒ္ဒန္တပညိန္ဒ၏ သြဝါဒကိုခံယူ၍ သျှင်သံဝရနှင့် တပည့်/ဒါယကာများ တည်ထားကိုးကွယ်မည့် ဉာဏ်တော်အမြင့်(၉)ပေရှိ ဘုရားပွင့်ရာ ဗုဒ္ဓဂယာမှ ထိုင်တော်မူဘုရားပုံတူ ရုပ်ပွားဆင်းတုတော် တည်ထားကိုးကွယ်နိုင်ရန် ပန္နက်တော်တင် အုတ်မြစ်ချ မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၇)နာရီက အဆိုပါ ကျောင်းတိုက်ဝင်း၌ ကျင်းပခဲ့သည်။