ငပလီ​မြို့၊ လင်းသာရပ်ကွက်၊ မင်္ဂလသုခ​ကျောင်းဝန်း၌ ဗောဓိညောင်ပင်တွင် ​ညောင်ရေသွန်း‌လောင်းပွဲ မင်္ဂလာ အခမ်းအနား ကျင်းပ

ငပလီ  မေ  

ရခိုင်ပြည်နယ်၊ ငပလီမြို့၊ လင်းသာရပ်ကွက် မင်္ဂလ​သုခကျောင်းဝန်းအတွင်းရှိ ဗောဓိညောင်ပင်၌ ညောင်ရေသွန်းလောင်းပွဲ မင်္ဂလာအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီအချိန်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အဆိုပါ ညောင်ရေသွန်းလောင်းပွဲသို့ ရပ်ကွက်နေပြည်သူများက  မင်္ဂလသုခ​ကျောင်းဝန်းအတွင်းရှိ ဗောဓိညောင်ပင်ရှိရာသို့ သွားရောက်၍ ညောင်ရေသွန်းလောင်း ကုသိုလ်ပြုခြင်းများ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့​ကြပြီး အလှူရှင်များက ထမင်း၊ မုန့်တီ၊ အ​​အေး စတုသီတာများ​ဖြင့် ဧည့်ခံ​ကျွေး​မွေးခဲ့​ကြကြောင်း သိရသည်။

​မြင့်​မြင့်​​အေး(ပြန်/ဆက်)