ကျောက်တော်မြို့လူထုအခြေပြုဗဟိုဌာန၌ လူငယ်ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ကျောက်တော် မေ ၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၌ ယ‌‌နေ့ နေ့လည်၂ နာရီက လူငယ်ပညာပေး ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူငယ်ပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းက ချောကလက်အကြောင်းအရာများနှင့် ပတ်သက်၍ လူငယ်များအနေဖြင့်
  ဗဟုသုတရရှိစေရန် အသိပညာပေး ဟောပြောရာတွင် ချောကလက် သမိုင်းကြောင်း၊ ဥရောပသို့ ချောလက်ရောက်ရှိလာပုံ၊ ကမ္ဘာ့အနှံ ကိုကိုးပင်ပျံ့နှံလာပုံ၊ ကျေးကျွန်စနစ်ဖြင့် ထုတ်လုပ်သောချောကလက်လုပ်ငန်း၊ ချောက လက်ပြုလုပ်ပုံ၊ ချောကလက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ စသည့်အကြောင်းအရာများအား ဟောပြောခဲ့သည်။ ထို့နောက် လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဗဟုသုတရရှိစေရန် စာကြည့်တိုက်သို့ လာရောက်၍ မိမိအတွက်အကျိုးရှိမည့် စာအုပ်များကို လေ့လာဖတ်ရူ့ကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ လူငယ်ပညာပေး ဟောပြောပွဲသို့ လူငယ်၊လူရွယ် ( ၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း