မြေပုံမြို့၌ ကဆုန်ညောင်ရေသွန်းပွဲတော်ကျင်းပ

မြေပုံ   မေ  ၄  

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌  အစဉ်လာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားသော ကဆုန် လပြည့်(ဗုဒ္ဓ)နေ့၌ ကဆုန်ညောင်ရေသွန်းပွဲတော်ကို မြို့ဦးရတနာ့သိဒ္ဓိဆုတောင်းပြည့်စေတီတော်ရင်ပြင်ရှိ မဟာဗောဓိပင်၌ယမန်နေ့ညနေ (၅)နာရီအချိန်က ကျင်းပပြုလုပ်သည်။

ကဆုန်ညောင်ရေသွန်းပွဲတော်ကို မြို့ဦးရတနာ့သိဒ္ဓိစေတီတော်ဂေါ်ပကအဖွဲ့ ဦးဆောင်မှုဖြင့် ရပ်ကွက်နေပြည်သူများစုပေါင်းကာ ငွေဖလားကြီးများ၌ အမွှေးနံ့သာရေများထည့်ပြီးကိုယ်စီထမ်း ရွက်ကာ မြို့ပေါ်ရပ်ကွက်များအတွင်းလှည့်လည်ပြီးမြို့မဦးရတနာ့သိဒ္ဓိစေတီတော်ရှိ သိမ်တော်ကြီး သို့သွားရောက်ကာဓမ္မသုခကျောင်းထိုင်ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြ သည်။

ထို့နောက် မြို့ဦးရတနာ့သိဒ္ဓိစေတီတော်အရှေ့မြောက်ဘက်ရှိ မဟာဗောဓိပင်ကြီးအား အမွှေးနံ့သာရေများဖြင့် တပျော်တပါးစုပေါင်းပက်ဖြန်းလောင်းလှူကြကြောင်း သိရသည်။

 တင်ဝင်း