ရခိုင်ပြည်နယ်

ပေါက်တောမြို့တွင် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ် ဆက်လက်ထိုးနှံ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်းရောဂါဘယ ကင်းရှင်းစေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ်ထိုးနှံခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ဂွမြို့တွင် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၃ခုနှစ် ၊ မေလ (၅)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘူးသီးတောင်မြို့ မြို့မစျေးနှင့်စက်လှေဆိပ်များ၌ မုန်တိုင်းဘေးအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ဦးဆောင်၍ မုန်တိုင်းဘေး အန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ညနေ(၄)နာရီအချိန်က မြို့မစည်ပင်သာယာစျေးနှင့် စက်လှေဆိပ်များ၌ ဖြန့်ဝေခဲ့ကြသည်။

တောင်ကုတ်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ(၃)နာရီခွဲအချိန်က မြို့နယ်ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

ရမ်းဗြဲမြို့ ကိုရံတောင်တလတ်နှင့် ကိုရံတောင်တို့၌ ကဆုန်ညောင်ရေသွန်းလောင်းပွဲတော် ကျင်းပ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ရှိ ကိုရံတောင်တလတ်နှင့် ကိုရံတောင်တို့၌ ယမန်နေ့ (ကဆုန်လပြည့်နေ့၊ ဗုဒ္ဓနေ့) ညနေ ၅ နာရီက ကဆုန်ညောင်ရေသွန်းလောင်းပွဲတော် ကျင်းပခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့၌ ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ဥပုသ်သီလဆောက်တည်သူများ၊ ညောင်ရေသွန်းလောင်းသူများ ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် စည်ကား

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့)၊ ယမန်နေ့နံနက်ပိုင်းတွင် ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီ ပုထိုးများတွင် ဥပုသ်သီလဆောက်တည်သူများ၊ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်သူများ၊ ပန်း၊ ရေချမ်း၊ ဆီမီးပူဇော်သူများ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ရသေ့တောင်မြို့၊ မြို့ကြက်သရေဆောင်‌ စေတီတောင်ခြေရင်းရှိ မဟာဗောဓိပင်၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ၁၃၈၅ ခု၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ယမန်နေ့ညနေ (၅)နာရီက ရသေ့တောင်မြို့၊ မြို့ကြက်သရေဆောင်‌ စေတီတောင်ခြေရင်းရှိ မဟာဗောဓိပင်တွင် ပြုလုပ်ခဲ့သည်။

တောင်ကုတ်မြို့၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ ဝိသုဒ္ဒါရုံဘုန်းတော်ကြီးကျောင်းဝင်းရှိ မဟာဗောဓိပင်တွင် ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့) ယမန်နေ့ ညနေပိုင်းက ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲကို ကျင်းပခဲ့သည်။

ဘူးသီးတောင်မြို့တွင် ကဆုန်လပြည့်ဗုဒ္ဓနေ့ ညောင်ရေသွန်းလောင်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ယမန်နေ့ညနေ (၅) နာရီ (၄၅) မိနစ်ခန့်က ဘူးသီးတောင်မြို့ အေးစေတီကျောင်းဝင်းအတွင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့လုံးကျွတ်စု ပေါင်းညောင်ရေသွန်းပွဲတော် ကျင်းပခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်