မင်းပြား မေ ၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ ပူပြင်းသောနေအပူရှိန်ကြောင့်နွေရာသီကာလတွင် ရေကန်များခန်းခြောက်ကာ သောက်သုံးရေပြတ်လပ်မှုများဖြစ်ပေါ်နေသဖြင့် ဧပြီ ၂၉ ရက်မှစတင်ပြီး ရေများကို ရပ်ကွက်ကျေးရွာများသို့ ဖြန့်ဖြူးပေးလျက်ရှိသည်။
မေ၃ရက်နေ့တွင်လည်း ရေအခက်အခဲကြုံတွေ့နေရသော ဥကာပျံရပ်ကွက်၊ငတန်ပျင်းကျေးရွာ၊ ဘူးပင်ကျေးရွာများသို့သွားရောက်၍ မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးစိုးမိုး ကြီးမှူး၍ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးထိန်လင်းထွန်းနှင့်တပ်ဖွဲ့ဝင်များ သွားရောက်ကာ သောက်သုံးရေများကို ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ ရပ်ကွက်ကျေးရွာ အသီးသီးတွင် သောက်သုံးရေကန်များတွင် နွေရာသီပူပြင်းသော အပူချိန်ကြောင့် ရေများခန်းခြောက်လာပြီဖြစ်၍ ပြည်သူများအနေဖြင့် သောက်ရေအခက်အခဲများ ဖြစ်ပေါ်နေခြင်းကြောင့် မီးသတ်ရေသည်ယာဉ်ဖြင့် သောက်သုံးရေဂါလံ ၄၈၀၀ အား စနစ်တကျ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သိန်းနုအောင်