ရသေ့တောင်မြို့၊ မြို့ကြက်သရေဆောင်‌ စေတီတောင်ခြေရင်းရှိ မဟာဗောဓိပင်၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပ

ရသေ့တောင်   မေ   ၄

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ၁၃၈၅ ခု၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ယမန်နေ့ညနေ (၅)နာရီက ရသေ့တောင်မြို့၊ မြို့ကြက်သရေဆောင်‌ စေတီတောင်ခြေရင်းရှိ မဟာဗောဓိပင်တွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စေတီယဂ်ဏကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီးနောက် မဟာဗောဓိရွှေညောင်ပင်အား အမွှေးနံ့သာရည်တို့ဖြင့် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။

ကဆုန်ညောင်ရေသွန်းပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် စေတနာရှင်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)