ရမ်းဗြဲမြို့ ကိုရံတောင်တလတ်နှင့် ကိုရံတောင်တို့၌ ကဆုန်ညောင်ရေသွန်းလောင်းပွဲတော် ကျင်းပ

ရမ်းဗြဲ      မေ   ၄

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ရှိ ကိုရံတောင်တလတ်နှင့် ကိုရံတောင်တို့၌ ယမန်နေ့ (ကဆုန်လပြည့်နေ့၊ ဗုဒ္ဓနေ့) ညနေ ၅ နာရီက ကဆုန်ညောင်ရေသွန်းလောင်းပွဲတော် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါညောင်ရေသွန်းပွဲတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ကျင်းပခြင်းဖြစ်ပြီး ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများက ကိုရံတောင်တလတ်နှင့် ကိုရံတောင်တို့ရှိ ဗောဓိညောင်ပင်တို့ကို ကဆုန်ညောင်ရေ သွားလောင်းပူဇော်ခဲ့ကြကြောင်း၊ ကဆုန်ညောင်ရေ သွန်းလောင်းသူများအား ကိုရံတောင်တလတ်ရှိ အင်းဝိဇ္ဇာဆရာတော် အရှင်တေစိန္တက ရခိုင်မုန့်တီဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်