တောင်ကုတ် မေ ၄
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ ဝိသုဒ္ဒါရုံဘုန်းတော်ကြီးကျောင်းဝင်းရှိ မဟာဗောဓိပင်တွင် ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့) ယမန်နေ့ ညနေပိုင်းက ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ဝိသုဒ္ဒါရုံကျောင်းဓမ္မာရုံ၌ အခမ်းအနားသို့ကြွရောက်တော်မူကြသည့်ဆရာတော်များနှင့် ဧည့်ပရိသတ်များက အခမ်းအနားအား နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီးနောက် ဗောဓျာရာမကျောင်းတိုက်ဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာဇောတထံမှ ငါးပါးသီလခံယူ တည်ဆောက်ကာ လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းသည်။
၎င်းနောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်များက မဟာဗောဓိပင်အား ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ကြပြီးနောက် ရခိုင်စည်တော်တီးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲတွင် ပါဝင်ဆင်နွှဲသူများအား ဖျော်ရည်နှင့်မုန့်များဖြင့် ဧည့်ခံကျွေးမွေးကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်