ရသေ့တောင် မေ ၁၃
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင် မြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၏ဦးဆောင်ကြီးကြပ်မှုဖြင့် မုန်တိုင်းဘေးအန္တရာယ် ကျရောက်နိုင်သည့် ကျေးရွာများအား ကြိုတင်ရွေ့ပြောင်းရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ စနစ်တကျ စီစဥ်ဆောင်ရွက်လျက်ရှိရာ ရသေ့တောင်မြို့နယ်တွင် မြေနိမ့်ပိုင်းတွင် ကျရောက်သော ကျေးရွာအုပ်စု(၂၈)အုပ်စုနှင့် ကျေးရွာပေါင်း(၅၈)ရွာ၊ အိမ်ထောင်စု(၁၀၁၀၆)စုမှ လူဦးရေ (၄၈၉၂၅)ဦးကို ဘေးလွတ်ရာ ကုန်းမြင့်ပိုင်းကျေးရွာများရှိ စာသင်ကျောင်းဘုန်းကြီးကျောင်းများသို့ ပြောင်းရွေ့နိုင်ရန် စီစဥ်ဆောင်ရွက်လျက်ရှိသည်။ ယမန်နေ့ နေ့လယ်ပိုင်းထိ ပြောင်းရွေ့သည့်လူဦးရေ၏ ၉၀%ခန့်ရှိရာ ကျန်လူများမှာလည်း ဆက်လက် ပြောင်းရွေ့နေကြပြီး ကားများ၊ စက်လှေများဖြင့် အိမ်ထောင်စုအလိုက် ပြောင်းရွေ့ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ရွှေ့ပြောင်းရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ၊ ကျေးရွာလူမှုရေး အသင်းအဖွဲ့များကကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
ရသေ့တောင် (ပြန်/ဆက်)