ဘူးသီးတောင်မြို့တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာဇာတ်တိုက် လေ့ကျင့်မှုများပြုလုပ်

ဘူးသီးတောင် မေ ၁၃

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် အစိုးရစက်မှုအထက်တန်းကျောင်း၌ တပ်ရင်း၊ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ယမနေ့ညနေပိုင်းက သဘာဝဘေးကြိုတင်ကာကွယ်မှုဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ခဲ့သည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်မှုသို့ ဘူးသီးတောင် တပ်နယ်မှူးဗိုလ်မှူးကြီး တင်မိုးအောင်နှင့် အဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စုစုပေါင်းအင်အား(၃၀၀)ခန့်တက်ရောက် ခဲ့ကြသည်။

ရှေးဦးစွာ ဘူးသီးတောင်တပ်နယ်ရိက္ခာစခန်းမှ လုပ်ငန်းယာဉ် ၁၂စီး၊ (၆၀၁)မှ ဝန်ချီယာဉ် ၁ စီးနှင့် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၂ စီးတို့ဖြင့် ဘူးသီးတောင်မြို့ (အနောက်/မြို့မ)ရပ်ကွက်မှ ရပ်ကွက်နေ ပြည်သူ ၁၅၀ ဦးတို့အား သက်ဆိုင်ရာရပ်ကွက်များမှ ကြိုတင် ရွှေ့ပြောင်းရန် နေရာသတ်မှတ်ထားသည့် အစိုးရစက်မှုအထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပို့ဆောင်ပေးခြင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြလေ့ကျင့်ခဲ့ ကြသည်။

ထို့နောက် ဘူးသီးတောင် တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်မှ တက်ရောက် လာသူများအား သဘာဝဘေးအန္တရာယ်ကျရောက်လာပါက လုပ်ဆောင်ရမည့် လုပ်ငန်း တာဝန်များ ကော်မတီဖွဲ့စည်းထား ရှိမှုအခြေအနေများနှင့်လိုအပ်သည်များအား ရှင်းလင်းမှာ ကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဇော်ဝင်းမှ အမှန်တကယ်အရေးပေါ်  ဖြစ်ပွားမှုရှိလာပါ မိမိတို့ဖွဲ့စည်းထားသည့် ဆပ်ကော်မတီအလိုက် မဖြစ်မနေလုပ်ဆောင်ရမည့် အရာများအား သက်ဆိုင်ရာကဏ္ဍများအလိုက်စ နစ်တကျလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

လှကျော်(ပြန်/ဆက်)