ပေါက်တောမြို့ မြို့မဈေးကြီး၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဈေးဆိုင်များမှ ပစ္စည်းသိမ်းဆည်း

ပေါက်တော မေ ၁၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊​ ပေါက်တောမြို့ မြို့မဈေးကြီးတွင် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုသက်သာစေရေး ရည်ရွယ်၍ ဈေးဆိုင်များမှ ပစ္စည်းသိမ်းဆည်း​ခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့​ပြင်သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ကြိုတင်ကာကွယ် ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သဘာဝဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု Commend Center ရုံးခန်းဖွင့်လှစ်ပြီး ကော်မတီဖွဲ့စည်း၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျှက်ရှိခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ထားရှိခြင်း၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ၊ အင်အားအစုအဖွဲ့များ ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဝင်းမင်းစိုး (ပြန်/ဆက်)