ကျောက်ဖြူ မေ ၁၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ထိခိုက်မှုများရှိနိုင်သည့် ရပ်ကွက်များပြည်သူများနှင့် ကျောက်တစ်လုံး IDPs စခန်းမှ ခိုလှုံနေသူများအား ဘေးလွတ်သည့် ခိုလှုံရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူ များက စီမံဆောင်ရွက်လျက်ရှိသည်။
ထို့သို့ရွှေ့ပြောင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာတွင် ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်မှ မူလာရာမဘုန်းတော်ကြီးကျောင်း ခိုလှုံရာစခန်းသို့ ရွှေ့ပြောင်းခိုလှုံလာသည့် ပြည်သူများနှင့် ကျောက်တစ်လုံး IDPs စခန်းနေသူများမှ သတ်မှတ်ထားသည့်ခိုလှုံရာစခန်းများသို့ ရွှေ့ပြောင်းခိုလှုံ လာသူများအား ကျောက်ဖြူတပ်နယ် ဗျူဟာမှူး၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ အဖွဲ့ ဉက္ကဋ္ဌ ဦးရဲလင်းမောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို စီမံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း