ဘူးသီးတောင်မြို့နယ်၌ မိုခါမုန်တိုင်းကြောင့်လဲကျနေသော သစ်ပင်၊ သစ်ကိုင်းများအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဘူးသီးတောင် မေ ၂၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွ င်မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် မြို့သန့်ရှင်းသာယာလှပရေးတို့ကို အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က အမှတ် (၁) ရပ်ကွက်ရှိ အောင်မြေရတနာဘုန်းတော်ကြီးကျောင်းနှင့် အမှတ် (၄) ရပ်ကွက်ရှိ မေခဝတီလမ်းဘေး ဝဲ/ယာတစ်လျှောက် တို့၌ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စုပေါင်းသန့်ရှင်းရေး ရှင်းလင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ် (၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များအင်အား (၁၂၅) ဦးခန့်ပူးပေါင်း၍ အဖွဲ့ (၂) ဖွဲ့ခွဲကာ အဆိုပါနေရာများ၌ မိုခါမုန်တိုင်းကြောင့်လဲကျနေသော သစ်ပင်၊ သစ်ကိုင်း၊ သစ်ခက်အမှိုက်များကို ခုတ်ထွင်ရှင်းလင်းခြင်းများဆောင်ရွက်ပြီး အမှိုက်သိမ်းယာဉ်များဖြင့် စနစ်တကျစွန့်ပစ် ခဲ့ကြသည်။

ထိုသို့ပူးပေါင်းဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးဇော်ဝင်းနှင့်အဖွဲ့ဝင်များက ကြည်ရှူ့ကာအားပေးစကားများပြောကြားခဲ့ကြောင်းသိရသည်။

လှကျော်