ကျိန္တလီ မေ ၂၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ လူငယ်ရေးရာ လူကုန်ကူးမှု အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ကျောင်းသား/သူ လူငယ်လေးများအား လူကုန်ကူးမှုသည် အသက်အရွယ်မရွေး ယောက်ျား/မိန်းမမရွေးမည်သူမဆို လူကုန်ကူးခံရနိုင်ကြောင်း၊ လူကုန်ကူးသည့် နည်းလမ်းများမှာ ခြိမ်း ခြောက်ခြင်း၊ အင်အား သုံးခြင်း၊ အဓမ္မခေါ်ဆောင်သွားခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ ဘဝရပ်တည်ရန် ခက်ခဲသောအခြေ အနေများကို အလွဲသုံးစားပြုလုပ်ခြင်းတို့ဖြစ်ကြောင်း၊ မည်သူမဆိုလူကုန်ကူးမှု ကျူးလွန်ပါက ပြစ်မှုပြစ်ဒဏ်အနေဖြင့် အနည်းဆုံးထောင်ဒဏ်(၅)နှစ်မှ အများဆုံး ထောင်ဒဏ် (၁၀)နှစ်အထိ ချမှတ်နိုင် သည့်အပြင် ငွေဒဏ်များလည်း ချမှတ်နိုင်ကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/သူများမှ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့ဦးစီးမှူးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ နံရံ ကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
ဇော်လင်း