ရခိုင်ပြည်နယ်

ဗိုလ်မှူးချုပ်ကျော်ကျော်ဦးနှင့် တာဝန်ရှိသူများ အ.ထ.က(ခွဲ)စျေးတန်းကျောင်း၌ အသက်(၅)နှစ်နှင့်အထက် KG ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့် အဖွဲ့ဝင်များသည် ယနေ့နံက်(၁၀)နာရီက မာန်အောင် အ.ထ.က(ခွဲ) စျေးတန်းကျောင်း၌ အသက်(၅)နှစ်နှင့်အထက် KG ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ဗိုလ်မှူးချုပ် တင်ဆွေသည် မုန်တိုင်းဒဏ်ကြောင့် လေဘေးသင့်ခဲ့သောကျေးရွာများရှိပြည်သူများအား အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်းနှင့်  CHINA AID မှလှူဒါန်းသော စောင်၊ ခြင်ထောင်များ ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းဒဏ်ကြောင့် လေဘေးသင့်ခဲ့သောကျေးရွာများရှိပြည်သူများအား အိမ်ထောင်စုစာရင်း၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားပေးအပ်ခြင်းနှင့် CHINA AID မှလှူဒါန်းသော စောင်၊ ခြင်ထောင်များအား ယမန်နေ့မွန်းလွဲပိုင်းက အင်းဒင်ကျေးရွာ ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဗိုလ်မှူးချုပ်တင်ဆွေသည် တာဝန်ရှိသူများနှင့်အတူ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများတူးဖော်ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် တာဝန်ရှိသူများနှင့်အတူ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများနှင့်ပြည်သူများစုပေါင်း၍ မဟာဗန္ဓုလ လမ်းတစ်လျှောက် စုပေါင်းသန့်ရှင်း ရေးပြုလုပ်နေမှုများနှင့် ရေစီးရေ လာကောင်းမွန်စေရေး ရေမြောင်းများ တူး ဖော်ဆောင်ရွက်နေမှုများ ဇူလိုင်လ ၈ ရက်နေ့၊ နံနက် ၇ နာရီက ကြည့်ရှုအားပေးခဲ့ကြသည်။

ကျောက်တော်​မြို့နယ်တွင် မိုခါမုန်တိုင်းဘေးဒဏ်ခံရသည့် ပြည်သူများအား တိုင်းရင်းဆေးဖြင့် (အခမဲ့) ကွင်းဆင်းဆေး ကုသပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် မိုခါမုန်တိုင်းဘေးဒဏ်ခံရသည့် ပြည်သူများအား တိုင်းရင်းဆေးဖြင့် (အခမဲ့) ကွင်းဆင်းဆေးကုသပေးခြင်းကို ယမန်နေ့​နေ့လည်ပိုင်းက မဟာကံကြီးရှင်ယာယီခုံလှုံရာစခန်းနှင့် ပိုက်သည်ရပ်ကွက်နေ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ဂွမြို့နယ်တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက (ဂွ)စုရပ်၊ (ဆပ်သွား)စုရပ်နှင့် (ကျိန္တလီ)စုရပ် စသည့် စုရပ်ကျောင်းများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားသို့ တက်ရောက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေသည် ခရိုင်/ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် (၉) နာရီ အချိန်က မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက် သက္ကျမာန်အောင်ဘုရားအနီးတွင် ကျင်းပသော  မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အမ်းမြို့နယ်တွင် ကျေးလက်နေပြည်သူများအား ဒေသဖွံ့ဖြိုးရေး အသိပညာ ဗဟုသုတ ရရှိရေး အသိပညာပေး ဟောပြောပွဲနှင့်ကျန်းမာရေး စောင့်ရှောက်ပေး

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ကျေးလက်နေပြည်သူများအား ဒေသဖွံ့ဖြိုးရေး အသိပညာ ဗဟုသုတရရှိရေးအတွက် အသိပညာပေး ဟောပြောပွဲနှင့် တိုင်းရင်းဆေး​​​ဖြင့် (အခမဲ့)ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် လုံးကျေး ရွာစု ခရမ်းကျွမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ငလက်ကျ၊ ရေအေး၊ ကျမောင်း၊ ခရမ်းကျွမ်းကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးအသိ ပညာပေးလုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကိုဆောင်ရွက်ခဲ့သည်။

ရသေ့တောင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် မိုခါမုန်တိုင်းသင့်ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကပ်ပြားများ အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၌ ဇူလိုင်လ ၁၁ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အဖြစ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်းစီးပျောက်ဆုံးခဲ့သော ပြည်သူများ၏ အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကပ်ပြားများ အခမဲ့လုပ်ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံးအတွင်း ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ပါဝင်ခဲ့ကြသည်။

မအီမြို့တွင် ၂၀၂၃- ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရန်၊ အဖိုးတန်ဂေဟစနစ်များ မပျောက်ပျက်အောင် စောင့်ရှောက်နိုင်ရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၈)နာရီက မအီမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြို့အထွေထွေအုပ်ချုပ်ရေးရုံးခြံဝင်း မြေကွက်လပ်တွင် ကျင်းပခဲ့သည်။

တောင်ကုတ်မြို့နယ်၌ မိုးစပါးတစ်ဧကတင်း(၁၀၀) အထွက်နှုန်းရရှိရေး စံပြကွက်‌ ဘောင်ပျိုးမျိုးစေ့ချ ကွင်းသရုပ်ပြပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ မိုးစပါးတစ်ဧက တင်း (၁၀၀) အထွက်နှုန်းရရှိ‌ရေး စံပြကွက် ဘောင်ပျိုးမျိုးစေ့ချ ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ကင်းတောင် စံပြကျေးရွာရှိ ကွင်းအမှတ်(၅၉-ဃ)၊ ဦးပိုင်အမှတ် (၇၃/၂၊၇၃/၂) ရှိ တောင်သူ ဦးမျိုးဝင်းပါ (၂)ဦး၏ လယ်မြေ၌ ကျင်းပပြုလုပ်သည်။
Subscribe to ရခိုင်ပြည်နယ်