မောင်တော ဇူလိုင် ၁၀
ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် တာဝန်ရှိသူများနှင့်အတူ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများနှင့်ပြည်သူများစုပေါင်း၍ မဟာဗန္ဓုလ လမ်းတစ်လျှောက် စုပေါင်းသန့်ရှင်း ရေးပြုလုပ်နေမှုများနှင့် ရေစီးရေ လာကောင်းမွန်စေရေး ရေမြောင်းများ တူး ဖော်ဆောင်ရွက်နေမှုများ ဇူလိုင်လ ၈ ရက်နေ့၊ နံနက် ၇ နာရီက ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရာတွင် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရဲတပ်ဖွဲ့၀င်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူလူထုများ စုစုပေါင်းအင်အား ၄၉၀ ဦးခန့်က မဟာဗန္ဓုလလမ်းတစ်လျှောက် လမ်းဘေးဝဲယာတွင် သတ်မှတ်နေရာများအလိုက် မြက်ပင်၊ ပေါင်ပင်များ၊ အမှိုက်သရိုက်များကို စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြခဲ့ပြီး ကညင်တန်းရပ်ကွက်ရှိ ပြည်သူ့ဆေးရုံရှေ့နှင့် အိမ်တွင်းမှုကျောင်းရှေ့ဘက်ရှိ ရေမြောင်းအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် စက်ယန္တရားဖြင့် တူးဖော်ကာ စည်ပင်သာယာရေး အမှိုက်သိမ်းကားဖြင့် သိမ်းဆည်းဆောင်ရွက်နေမှုများအား ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့၀င်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် တာ၀န်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)