ဗိုလ်မှူးချုပ်ကျော်ကျော်ဦးနှင့် တာဝန်ရှိသူများ အ.ထ.က(ခွဲ)စျေးတန်းကျောင်း၌ အသက်(၅)နှစ်နှင့်အထက် KG ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေး

​မာန်အောင် ဇူလိုင် ၁၀

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့် အဖွဲ့ဝင်များသည် ယနေ့နံက်(၁၀)နာရီက မာန်အောင် အ.ထ.က(ခွဲ) စျေးတန်းကျောင်း၌ အသက်(၅)နှစ်နှင့်အထက် KG ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောမင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များက ပူးပေါင်းကာ ကာကွယ်ဆေးမထိုးနှံမီလိုအပ်သောကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးပြီး အသက်(၅)နှစ်နှင့် အထက် KG ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာသို့ ဗိုလ်မှူးချုပ်ကျော်ကျော်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ပြီး ကျောင်းသား/သူများအား အဟာရမုန့်များ ပေးအပ်ကာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)