ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း ရခိုင်ပြည်နယ်အတွင်း မွေးမြူရေးဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

ရခိုင်ပြည်နယ်အတွင်း မွေးမြူရေးဆိုင်ရာလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၌ အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် မွေးမြူရေးလုပ်ငန်းရှင်များတက်ရောက်ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများက Video Conference စနစ်ဖြင့်တက်ရောက်ကြသည်။

ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းများသို့ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်အဖွဲ့မှ ကလေးဝတ်ကျောင်းဝတ်စုံများနှင့်အမှိုက်ပုံးများ ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် (၁၁) နာရီအချိန်က ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းများသို့ ကလေးသူငယ်များအတွက် ကျောင်းဝတ်စုံများနှင့် အမှိုက်ပုံးများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

တောင်ကုတ်မြို့နယ်၌ တိုက်ရိုက်စပါးမျိုးစေ့ချကိရိယာ Drum Seeder ဖြင့်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှကြီးမှူး၍ တိုက်ရိုက်စပါးမျိုးစေ့ချကိရိယာ Drum Seeder ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က ချောင်းသုံးခွကျေးရွာရှိ ကွင်းအမှတ် (၁၀၇) ၊ ဦးပိုင်အမှတ်(၃၅) ရှိ တောင်သူဦးတင်သိန်း ၏ လယ်မြေ (၅) ဧက၌ ကျင်းပ ပြုလုပ် သည်။

ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ဈေးဆိုင်များတွင် စားဆီနှင့် အချိုရည်မျိုးစုံအရောင်းဆိုင်များအား ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်များနှင့်မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော စားဆီနှင့်အချိုရည်မျိုးစုံအရောင်းဆိုင်များအား ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိတို့ကို ယမန်နေ့ ညနေ (၃)နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

တောင်ကုတ်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအသိပညာဗဟုသုတတိုးပွားရေးအတွက် နယ်လှည့်စာကြည့်တိုက်နှင့်နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအသိပညာဗဟုသုတတိုးပွားရေးအတွက် နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က ဝက်ကျိတ်ကျေးရွာရှိ အခြေခံပညာမူလတန်း(မူလွန်)ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တောင် ကြိုးတံတား ပြုပြင်မွမ်းမံနေမှု ကြည့်ရှု၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင်လိုက်ပါလာသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ တပ်မတော်အရာရှိကြီးများနှင့်အတူ ယမန်နေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ဒဏ်သင့် ပုဏ္ဏားကျွန်းမြို့၊ မောင်တောမြို့နှင့် ဘူးသီးတောင်မြို့နယ်များ အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။

မာန်အောင်မြို့နယ်တွင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်း စစ်ဆေးဆောင်ရွက်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု ကြီးကြပ်ရေးအဖွဲ့က ယနေ့နံနက်၈နာရီခွဲတွင် မျှော်တော်ဦးကျေးရွာအုပ်စု၊ မျှော်တော်ဦးကျေးရွာ တောင်သူ ဦးငရေချို၏ ဆင်းသွယ်လတ် စပါးမျိုးစေ့ထုတ် စိုက်ခင်းစိုက်ပျိုးနေမှုအား သွားရောက်စစ်ဆေး ကြည့်ရှုခဲ့ကြသည်။

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ယပ်လှဲကျောင်းဆရာတော်ကြီးနှင့် သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပြီး ကျောင်းရှိသံဃာတော်များကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေး

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ယပ်လှဲကျောင်း ဆရာတော်ကြီးနှင့် သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပြီး သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့မှ အဆိုပါဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေးကာ ဉပုဒ်သီလခံယူဆောက်တည်ရန် လာရောက်ကြသည့် ယောဂီများအား တိုင်းရင်းဆေးများလှူဒါန်းခဲ့သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေါက်တောမြို့နယ်ရှိ မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ကျေးရွာများအား ကယ်ဆယ်ရေးပစ္စည်း ၁၂ မျိုး ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် တောင်ညိုကျေးရွာနှင့် အဝကံကျေးရွာရှိ မိုခါမုန်တိုင်း ဒဏ်သင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၂ မျိုး ထောက်ပံ့ ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါ ကျေးရွာများ၌ ပြုလုပ်ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အကြီးတန်းညှိနှိုင်းရေးမှူး ဒေါ်သီတာမျိုးထွန်း၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်ဝင်းစိုးနှင့် တာဝန်ရှိသူများ လေဘေးသင့်ပြည်သူများ တက်ရောက် ကြသည်။

သံတွဲမြို့၌ လူရည်ချွန် မနှင်းရွှေရည်၏ ဂျပန်နိုင်ငံ တိုကျိုမြို့သို့ သွားရောက်လေ့လာခဲ့သည့် အတွေ့အကြုံများရှင်းလင်းပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့မှဂျပန်နိုင်ငံတိုကျိုမြို့သို့ လေ့လာရေးခရီးသွားရောက်ခဲ့သည့် နှစ်ထပ်ကွမ်းလူရည်ချွန် မနှင်းရွှေရည်၏ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီတွင် အ.ထ.က(ခွဲ)မြို့မ ကျောင်း၌ ကျင်းပသည်။
Subscribe to ရခိုင်ပြည်နယ်