မြောက်ဦး ဇူလိုင် ၁၀
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေသည် ခရိုင်/ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် (၉) နာရီ အချိန်က မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက် သက္ကျမာန်အောင်ဘုရားအနီးတွင် ကျင်းပသော မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေ၊ မြောက်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြောက်ဦးခရိုင်ရဲတပ်ဖွဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးတို့က ဌာနဆိုင်ရာများနှင့် NGO အဖွဲ့အစည်းများအား ပျိုးပင်များကို ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေက ပျဉ်းကတိုးပင်ကို စိုက်ပျိုးပေးခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် NGO အဖွဲ့အစည်းများက ကျွန်း (၂၀၀) ပင်၊ မန်ဂျန်ရှား (၇၀၀) ပင်နှင့် ပျဉ်းကတိုး (၁၀၀) ပင်တို့ကို သတ်မှတ်နေရာများတွင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)