ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ် မောင်တောမြို့တွင် မုန်တိုင်းဒဏ်ကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာများရှိ တောင်သူများထံသို့ စရိတ်မျှပေးအတိုးနှုန်း သက်သာစွာဖြင့် မျိုးစပါးနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ ပေးအပ်

ရခိုင်ပြည်နယ် မောင်တောမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မုန်တိုင်းဒဏ်ကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာများရှိ တောင်သူများထံသို့ စရိတ်မျှပေးအတိုးနှုန်း သက်သာစွာဖြင့် မျိုးစပါးနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်း၊ အီးအမ်ဘိုကာရှီနှင့် စူပါဘိုကာရှီ သဘာဝဓာတ်မြေဩဇာ ပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန် ၄ မိုင်ရပ်ကွက်ရှိ တောင်သူပညာပေးစင်တာတွင် ပြုလုပ်ခဲ့ရာ ပြန်လည် ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ရခိုင်ပြည်နယ် မောင်တောမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မုန်တိုင်းဒဏ်ကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာများရှိ တောင်သူများထံသို့ စရိတ်မျှပေးအတိုးနှုန်း သက်သာစွာဖြင့် မျိုးစပါးနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်း၊ အီးအမ်ဘိုကာရှီနှင့် စူပါဘိုကာရှီ သဘာဝဓာတ်မြေဩဇာ ပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန် ၄ မိုင်ရပ်ကွက်ရှိ တောင်သူပညာပေးစင်တာတွင် ပြုလုပ်ခဲ့ရာ ပြန်လည် ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ မြို့နယ်မီးသတ်ဦးစီးဌာနက သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲကို ဇူလိုင် ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက် ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း မြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဓာတ်အားခွဲရုံအား သွားရောက်စစ်ဆေး ကြည့်ရှု

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၈)နာရီအချိန်က ဘူးသီးတောင်မြို့၊ အထကလက်ဝဲဒက်ပုဇွန်ချောင်းကျောင်း၌ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ စစ်သည်ရဲမေများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ အမှတ်(၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်

ပေါက်တောမြို့၌ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရခိုင်ပြည်နယ် ပေါက်တောမြို့၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက ပေါက်တောမြို့ရှိ လောကထိပ်ပန်ဘုရား ရှေ့ကွင်းပြင်၌ ကျင်းပသည်။

သံတွဲခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် မြို့ရွာများစိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် သံတွဲခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ စုပေါင်း ကျင်းပပြုလုပ်သည့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက အံတော်ကျေးရွာ အုပ်စု၊ အံတော်ကျေးရွာဘုရားတောင်ခြေတွင် ကျင်းပပြုလုပ်သည်။

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး၊ MSME လုပ်ငန်းဖြစ်သော နှင်းတောင်ငှက်သိုက်လုပ်ငန်းအား လေ့လာအားပေး

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ မြို့မိ၊မြို့ဖများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုတို့အား သွားရောက်ကြည့်ရှုအားပေးပြီး MSME လုပ်ငန်းဖြစ်သော နှင်းတောင်ငှက်သိုက်လုပ်ငန်းအား လေ့လာအားပေးခဲ့သည်။

မင်းပြားမြို့နယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် ဗိုလ်မှူးချုပ်ခင်ဇော် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်အားပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ​မင်းပြားမြို့နယ်၌ မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှုး၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၈) နာရီအချိန်က အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းဝင်း၌ ကျင်းပပြုလုပ်သည်။

ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာပြိုင်ပွဲနှင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပဆောင်ရွက်နေမှုအား သွားရောက်ကြည့်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၁၂)နာရီအချိန်က ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမနှင့် ခလေးစာဖတ်ခန်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်(အကြို) ကဗျာပြိုင်ပွဲနှင့် ကာယဉာဏ စွမ်းရည်ပြိုင်ပွဲကျင်းပ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများက ဘုန်းတော်ကြီးကျောင်းတွင် ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြောက်ဦးမြို့ သာသနာ့လင်္ကာရစာသင်တိုက်ဆရာတော် (ဂန္ထဝါစက) ဘဒ္ဒန္တကေသရထံ ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများကို ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့၊ နယ်စပ်ဒေသဂန္ဓာရီပရဟိတ လူငယ်သင်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ ညနေ ၃ နာရီအချိန် နယ်စပ်ဒေသဂန္ဓာရီပရဟိတ လူငယ်သင်တန်းကျောင်းခန်းမတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်