ကျောက်တော် ဇူလိုင် ၁၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် မိုခါမုန်တိုင်းဘေးဒဏ်ခံရသည့် ပြည်သူများအား တိုင်းရင်းဆေးဖြင့် (အခမဲ့) ကွင်းဆင်းဆေးကုသပေးခြင်းကို ယမန်နေ့နေ့လည်ပိုင်းက မဟာကံကြီးရှင်ယာယီခုံလှုံရာစခန်းနှင့် ပိုက်သည်ရပ်ကွက်နေ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်တိုင်ရင်းဆေးကုဌာနမှူး ဦးဇော်ရဲအောင်၊ (၁၆) ကုတင်ဆန့် တိုင်းရင်းဆေးရုံအုပ် ဦးဗိုလ်စံသိန်းနှင့် ဝန်ထမ်းများက ပြည်သူအား ကျန်းမာရေး အသိပညာပေးများ ပြောကြားပြီး ပြည်သူ (၁၂၀)ဦးခန့်အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စစ်ဆေးကုသပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတိုး၊ ဆီးချိုရှိသူများနှင့် အခြားထုံနာ၊ ကျဥ်နာ၊ အဖျားရောဂါ အမျိုးမျိုးရှိသူများအား လိမ်းဆေး၊ သောက်ဆေးနှင့် လိုအပ်သော ဆေးဝါးများပေးခြင်းများ ဆောင်ရွက်ပြီး ပြည်သူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို (အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြူဖြူဝင်း