ဂွမြို့နယ်တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ဂွ  ဇူလိုင် ၁၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက (ဂွ)စုရပ်၊ (ဆပ်သွား)စုရပ်နှင့် (ကျိန္တလီ)စုရပ် စသည့် စုရပ်ကျောင်းများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင်  အသက်(၅)နှစ်ပြည့်ပြီးသည့် KG ကျောင်းသား၊ ကျောင်းသူ (၁၃)ဦးနှင့် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ (၁၈)ဦးကို First Dose ကာကွယ်ဆေးအား လည်းကောင်း၊ အသက်(၁၂)မှ (၁၈)နှစ်အတွင်း ကျောင်းသား၊ကျောင်းသူ (၁၄၈)ဦးတို့ကို  (Second Booster Dose) ကာကွယ်ဆေးများအား လည်းကောင်း  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထို့နောက် စုရပ်ကျောင်းများသို့ ကာကွယ်ဆေးထိုးရန် ရောက်ရှိလာကြသော ကျောင်းသား/သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ အတန်းအလိုက် စနစ်တကျ စာရင်းရေးသွင်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးနောက် မိနစ်(၃၀)ခန့် အနားယူစေခြင်းတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်