အရည်အသွေးပြည့် သွားကျန်းမာရေး ပြည်သူ့ထံသို့ ဆောင်ကြဉ်းပေး
သွားနှင့်ခံတွင်း ကျန်းမာရေးသည် ခန္ဓာကိုယ်တစ်ခုလုံး၏ ကျန်းမာရေး အတွက် လွန်စွာမှ အရေးကြီးသကဲ့သို့ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခုတွင် ရောဂါဖြစ်ပွားနေပါက ခံတွင်းထဲတွင် ရှေ့ပြေးလက္ခဏာများ ဖြစ်ပေါ်လေ့ရှိပါသည်။ ခံတွင်းကင်ဆာအပါအဝင်သွားနှင့် ခံတွင်းရောဂါ အများစုသည် ကြိုတင် ကာကွယ်၍ရသော်လည်း အမှန်တကယ် ဖြစ်ပွားလာပါက မသက်မသာခံစားရခြင်း၊ နာကျင်ကိုက်ခဲရောင်ရမ်းခြင်း၊ မျက်နှာပုံပျက်သွားခြင်း၊ မသန်မစွမ်း ဖြစ်ခြင်းနှင့် နောက်ဆုံးတွင် အသက် အန္တရာယ်ဆုံးရှုံးရခြင်း အစရှိသည်တို့ကြောင့် နိုင်ငံအတော်များများကို