Skip to main content

ပထမဆုံးရုပ်ရှင်ရုံနှင့် နာမည်ကျော် ခြယ်ရာမင်လမ်း

၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း တရုတ်သံရုံးကဖိတ်ကြားတဲ့ မီဒီယာခရီးစဉ်မှာ ပေကျင်းမြို့မှာရှိတဲ့ တရုတ်လူမျိုးတို့ရဲ့ ပထမဆုံးရုပ်ရှင်ရုံကိုလည်း မထင်မှတ်ဘဲ ကြည့်ရှုလေ့လာခွင့်ရလိုက်ပါသေးတယ်ဗျ။ ဒီရုပ်ရှင်ရုံက ဘယ်မှာလဲဆိုတော့ ပေကျင်းမြို့ရဲ့ ခြယ်ရာမင်လမ်း (Qianmen Street)မှာ ရှိတာပါ။ ခြယ်ရာမင်လမ်းကို မြို့တော်ပေကျင်းရဲ့ ဗဟိုဝင်ရိုးပေါ်မှာရှိတယ်လို့ ဆိုပါတယ်။ အရှည်အားဖြင့်တော့ ၈၄၅ မီတာရှိပြီး လမ်းအကျယ် မီတာ ၂၀ ရှိတယ်လို့ သိရပါတယ်။ ဒီလမ်းကို Zhengyangmen Street လမ်းလို့လည်း ဆိုကြပါသေးတယ်။ ဒီလမ်းကို ၁၉၆၅ ခုနှစ်မှစပြီး တရားဝင် ခြယ်ရာမင်လမ်းအဖြစ် သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။
Subscribe to ပထမဆုံးရုပ်ရှင်ရုံနှင့် နာမည်ကျော် ခြယ်ရာမင်လမ်း