ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာစေနိုင်တဲ့ အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခ
အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခချဲ့ထွင်ခြင်းသည် ဆိုးရွားသောအကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်ကြောင်း ရုရှားနိုင်ငံက သတိပေးပြောကြားလိုက်သည်။ အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခကိုချဲ့ထွင်ရန် ခြိမ်းခြောက်မှုရှိနေသေးပြီး ယင်းသည် ဒေသတစ်ခုလုံးအတွက် ဆိုးရွားသောအကျိုးဆက်များ ဖြစ်လာနိုင်သည်ဟု ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်၏ ပြောကြားချက်ကို ဒေသတွင်းမီဒီယာများက ဖော်ပြထားသည်။