Skip to main content

အေးချမ်းပျော်ရွှင်စရာ ဘဝများဖြင့် . . .

လူတစ်ယောက်ရဲ့ စိတ်ခံစားမှုအရည်အသွေးတွေထဲ က အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုကို ပြပါဆိုရင် ကိုယ်ချင်းစာမှုကို ပြချင်ပါတယ်။ လူတစ်ယောက်ရဲ့ ကိုယ်ချင်းစာစိတ်ကြောင့် ဖြစ်လာတဲ့ ကိုယ်နဲ့ယှဉ်တဲ့ စိတ်သဘောထား၊ စဉ်းစားတွေးခေါ်မှု၊ ရှုမြင်မှု၊ အပြောအဆို၊ အပြုအမူတွေနဲ့ တုံ့ပြန်မှုတွေဟာ အဲဒီလူရဲ့ အဆင့်အတန်း၊ ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်နေသဘောထားမြင့်မားမှုတွေကို ညွှန်ပြနေပါတယ်။ ကိုယ်ချင်းစာတရားကို ပညာ၊ ရာထူး၊ ငွေကြေး ပိုင်ဆိုင်မှု၊ ဂုဏ်၊ ဒြပ်တွေနဲ့ တိုင်းတာလို့ မရပါဘူး။ အဲဒီကိုယ်ချင်းစာ စိတ်ထားရှိနိုင်မှုဟာ လူသားဆန်မှု ရဲ့လက္ခဏာတစ်ခုလို့ ဆိုနိုင်ပါတယ်။
Subscribe to စိတ်ပျော်ရွှင်