မိုးနှောင်းကာလ ရေကြီးရေလျှံသဘာဝဘေးအန္တရာယ် သတိရှိစေလို
မြန်မာနိုင်ငံတွင် နှစ်စဉ်ရေကြီးမှု သုံးကြိမ်ဖြစ်ပေါ်လေ့ရှိသည်။ ၎င်းတို့မှာ ဇွန်လ (မိုးဦးကာလ)တွင် တစ်ကြိမ်၊ ဇူလိုင်လမှ သြဂုတ်လအတွင်း (မိုးလယ်ကာလ) တွင် တစ်ကြိမ်၊ စက်တင်ဘာလမှ အောက်တိုဘာလ (မိုးနှောင်းနှင့်မိုးလွန်ကာလ) တွင်တစ်ကြိမ် စုစုပေါင်းသုံးကြိမ် ဖြစ်ပေါ်လေ့ရှိသည်။